သတင်းများ

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏၅၁၉၁ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ
Apr 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၅၁၉၁) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ
Apr 11,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ ယမန်‌နေ့ နံနက် ၈ နာရီ ၃၀မိနစ်အချိန်က နိုင်ငံစီးပွား မြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
သထုံမြို၌ ယခုနှစ်အတာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပမည်
Apr 11,2023
မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေး ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ၌ကျင်းပမည့် သတ္တမအကြိမ် မြောက် မိုးကုတ်ဝိပဿနာ(၅)ရက်တရားစခန်းသို့ အလှူငွေများလှူဒါန်း
Apr 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် သတ္တမအကြိမ်မြောက် မဟာသတိပဌာန်းမိုးကုတ်ဝိပဿနာ (၅)ရက်တရား စခန်းသို့ အလှူငွေများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းသဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှသိရသည်။
သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း
Apr 11,2023
မွန်ပြည်နယ်၊ သထုံမြို့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ဘုရားလမ်းမပေါ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအကြိုအဖြစ် ရိုးရာသင်္ကြန်ထမင်း စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေ
Apr 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံပြောင်းစိုက် တောက်သူများထံမှ သိရသည်။
ကြံခင်းမြို့တွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Apr 11,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စု ထိန်ပင်မြောင်အောက်စုတွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို ဧရာသီရိခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
မျက်စိဝေဒနာရှင် (၁၂၅၄) ဦးအားသီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်စမ်း သပ်ကုသပေနိုင်ခဲ့
Apr 11,2023
နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် သီတဂူစက္ခုဒါနဆေးရုံ တော်ကြီး(ရန်ကုန်)၌ ဧပြီ (၅) ရက်မှ(၁၀)ရက်နေ့အထိအခမဲ့စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာမျက်စိဝေဒနာရှင်(၁၂၅၄)ဦး အားဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်၊ စမ်းသပ်ကုသပေနိုင်ခဲ့ကြောင်းသိရသည်။