အမရပူရ ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ ငါးဆူဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် ၁၁ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ကိုကိုမျိုးကလူကုန်ကူးမှု တာဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီးရဲအုပ်ကိုကိုမျိုးက လက်ရှိအဖြစ်အများ ဆုံးဖြစ်နေသည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အလုပ်သွားရောက်လုပ်ကိုင်ရမည်၊ ဝင်ငွေကောင်းသည် စသည်ဖြင့်စည်းရုံးခေါ်ဆောင်ကာ ဒုက္ခရောက်နေသော ပြည်သူများ ရှိနေကြောင်း၊ မိမိတို့အဖွဲ့မှကယ်ဆယ်နိုင်ခဲ့သော ပြည်သူများလည်း အများအပြားရှိကြောင်းနှင့် လူကုန်ကူးမှုနှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဖြိုးအောင်ထွန်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကိစ္စရပ်များဖြစ်သည့် တိုင်ကြားနိုင်မည့်ဖုန်းနံပါတ် များ၊ ဆက်သွယ်ရမည့်နည်းလမ်းများကို ပြောကြားပြီးပြည်သူများပူးပေါင်းပါဝင်ရေးသည် အရေးကြီးသည့်ကိစ္စဖြစ်သဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြော ကြားခဲ့ပြီး ဆက်သွယ်ရမည့်ဖုန်းနံပါတ်များပါဝင်သည့် လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအဖွဲ့မှပြန် လည်ဖြေကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)