မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း (၅၅)ရာခိုင်နှုန်းပြီးစီး

မြို့သစ်  ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ်ကျောင်း ဆောင်သစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၅၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါကျောင်းဆောင်သစ်မှာအလျှား(၁၄၀)ပေ၊ အနံ(၃၀) ပေသံကူကွန်ကရစ်အဆောက်အဦးဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၄၉၀ဒဿမ၁၇၀) ကျပ်သန်းဖြင့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဆောက်လုပ်ခဲ့ပြီး ၎င်းလုပ်ငန်းများအရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်း ပြီးစီးရန်အတွက် မြို့နယ် အရည်အသွေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ (၅၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)