တိုက်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တိုက်ကြီး        ဧပြီ      ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားအခြေခံနည်းစနစ်များအား ခေတ်စနစ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကိုစိတ်ပါဝင်စားသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွက်လာစေရေး ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပသည်။

၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများအဖြစ် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့်အားကစားနည်း(၃)မျိုးတို့ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်မှ ၃၁ ရက်အထိ မြို့နယ်ဘောလုံးကွင်းနှင့် အားကစားခန်းမတို့တွင် သင်တန်းကာလ(၄)ပတ်ကြာဖွင့်လှစ်ခဲ့ပြီး တက်ရောက်သူသင်တန်းသားဦးရေမှာ ဘောလုံး(၅၀)ဦး၊ ဘော်လီဘော(၃၀)ဦး၊ ပိုက်ကျော်ခြင်း (၁၅)ဦး စုစုပေါင်း(၉၅)ဦးရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် အားကစားနည်းများအလိုက် ထူးချွန်အားကစားသမားများအား ဆုများချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်များကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)