အမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

အမ်း        ဧပြီ   

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည် စာအောင်သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက အမှတ် (၃)ရပ်ကွက်ဓမ္မရက္ခိတ ကုန်းဓာတ်ပေါင်းစုစေတီတော် မြတ်စွယ်တော်ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃ နာယကဆရာတော်ထံမှ  ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲ၌ စာအောင်သံဃာတော်(၅)ပါးနှင့်လူပုဂ္ဂိုလ်(၄)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စာအောင် ဆုလက်မှတ်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အခြေပြုမူလတန်း(၃)ပါး၊ လူပုဂ္ဂိုလ်(၂)ဦး၊ ပထမလတ်တန်းလူပုဂ္ဂိုလ်(၂)ဦး၊ ပထမကြီး(၂)ပါးစုစုပေါင်း စာအောင်သံဃာတော်(၅)ပါးနှင့် လူပုဂ္ဂိုလ်(၄)ဦးရှိ၍ မြို့နယ်အဆင့် စာအောင်သံဃာတော်နှင့်လူပုဂ္ဂိုလ် (၉)ပါးရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

စိုးမင်းထွန်း