နမ့်ဆန်မြို့ ချယ်ရီမြိုင် မီနီဂေါက်ကလပ် အားကစားကွင်း၌ တစ်ဦးတည်း ဒုတိယအကြိမ် တစ်ချက်တည်းရိုက်ကျင်းဝင်

နမ့်ဆန် ဧပြီ ၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ဂေါက်ရိုက်အားကစားဝါသနာရှင်များ ပူးပေါင်းဖွင့်လှစ်ထားသော ချယ်ရီမြိုင် ဂေါက်ကလပ် ဂေါက်ရိုက်အားကစားကွင်း၌ တစ်ဦးတည်း ဒုတိယအကြိမ် တစ်ချက်တည်းရိုက် ကျင်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါချယ်ရီမြိုင်မီနီဂေါက်ကလပ် အားကစားကွင်းတွင် ယမန်နေ့ညနေပိုင်းက ဦးမျိုးဝင်းလှိုင် သည် ကစားဖော်များဖြစ်ကြသော ဦးသက်ဇော်ဦး၊ ဦးမိုးမြင့်ဦ၊ ဦးမျိုးကိုကို၊ ဦးရဲဝင်းတို့နှင့်အတူ ဂေါက် တီးရိုက်ကစားနေကြစဉ် ကျင်းအမှတ်(၁)မျက်ကွယ်(Unseen)ကျင်းအား Srixon 1 ဘော်လုံးကို Bushido(60) တုတ်ရိုက်တံဖြင့်ရိုက်ခဲ့ရာ တစ်ချက်တည်းကျင်းဝင်သွားခဲ့ကြောင်း သိရသည်။

ဦးမျိုးလှိုင်ဝင်း၏ ယခုတစ်ချက်တည်းရိုက် ကျင်းဝင်ဂေါက်သီးရိုက်ခြင်းသည် ဒုတိယအကြိမ် မြောက်ဖြစ်ပြီးအလားတူ ပထမအကြိမ်ကို မတ်လ ၂၈ ရက်နေ့ညနေပိုင်းတွင် ယင်းကစားကွင်းမှာပင် အခြားသောကစားဖော်များနှင့်အတူ ဂေါက်ရိုက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)