မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဧပြီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲတွင် အများပြည်သူများ စာဖတ်သည့် အလေ့အထများရရှိကာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မူရရှိစေရန် ရည်ရွယ်ကာ သုတ၊ ရသစာအုပ်များဖြင့် စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမူအန္တရာယ်အသိပညာပေးအကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကဏ္ဍအလိုက် စုံလင်စွာ ပြသပေးခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ လေ့လာဖတ်ရူခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို လစဥ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မီမီထွန်း(ပြန်/ဆက်)