ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ဆင်ပေါင်ဝဲ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဝန်ထမ်းများ လုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန်၊ မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရေးသားသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သုသုအေးက ရုံးလုပ်ငန်းလက်စွဲ အခန်း(၇)မှ ရုံးစာရေးသားနည်းနှင့်ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ အငယ်တန်းစာရေး(ပြ)ဒေါ်ဆုရည်နန္ဒာက ရုံးလုပ်ငန်းလက်စွဲစာအထားအသို၊ အကြောင်းအရာခေါင်းစဥ်တပ်ခြင်း၊ စာကိုယ်၊ နိဂုံးတို့ကို ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အရည်အချင်း ပြည့်ဝစေရန် ဝန်ထမ်းစာဖတ်ဝိုင်းများကို လစဥ်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)