သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ သက်မွေးအ‌ထောက်အကူပြု ဝရိန်သင်တန်းဖွင့်လှစ်

သထုံ    ‌မေ   

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ဖွင့်လှစ်သည့် သက်မွေးအထောက်အကူပြု ဝရိန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီတာဝင်းစံက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ယခုသင်ကြားပေးမည့် ပညာရပ်များဖြင့် မိသားစုအကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ကြစေလိုပြီး သင်ယူပြီးပါကလည်း ပိုမိုကျွမ်းကျင်အောင် ဆက်လက်လေ့လာကြရန်လည်းလိုအပ်ပါကြောင်း၊ ယခုတက်ရောက်လာသူများသည် ကျေးလက်ဒေသမှ သင်တန်းသားများဖြစ်သည့်အားလျော်စွာ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝရိန်ပညာရပ်ဖြင့် အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမင်းတင်နွယ်က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းမှာ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ မေလ ၉ ရက်နေ့မှစတင်၍ (၁၅)ရက်ကြာ အခမဲ့စရိတ်ငြိမ်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၀)ဦးတို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)