ငါန်းဇွန်မြို့၌ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးအဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာစိုက်ထူ

ငါန်းဇွန်  မေ ၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်နှင့် ပညာရေးဝန်ထမ်းများသည် ၂၀၂၃-၂၀၂၄ပညာသင်နှစ် မေလ (၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ  ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား အချိန်မီ ကျောင်းအမြန်အပ်နှံရေးအတွက် “ကျောင်းအနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာကို ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနီး မြို့လယ်လမ်းဆုံ၌လည်းကောင်း၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်း ကျောင်းရှေ့၌လည်းကောင်း၊ စိုက်ထူပေးခဲ့ကြောင်း သိရသည်။              

သက်နောင်ဦး(ငါန်းဇွန်)