တပ်ကုန်း မေ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းအောင်ကျော် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များမှ သဘာဝဘေးအန္တရာယ် များ ပေါ်ပေါက်လာပါက ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းအသုံးပြုပုံနှင့် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား သရုပ်ပြလေ့ကျင့်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံကသိရသည်။
တင်စိုးလွင်