သတင်းများ

ဂွမြို့နယ်၊ သိမ်ကုန်းစေတီတော်ရင်ပြင်တွင်အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်ပူဇော်
May 09,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့တွင် သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မြို့နေပြည်သူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်(၇)နာရီခွဲတွင် သိမ်ကုန်းစေတီတော် ရင်ပြင်တွင် သံဃာ‌တော်အရှင်သူမြတ်(၁၁) ပါးတို့က အန္တရာယ်ကင်း ပရိတ်တရား‌တော်‌များ ရွတ်ဖတ်ပူဇော်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာများက နာယူခဲ့ကြ​ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် တုံပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 09,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်၏၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူ ဖွင့်လှစ်ပွဲပြုလုပ်
May 09,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမှူးကကြီးမှူး၍ တနင်္သာရီမြို့နယ်၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် (၆ပေ-၃ပေ) အရွယ် မြေစိုက် ပိုစတာများ စိုက်ထူ ဖွင့်လှစ်ပွဲကို မေလ၉ရက်နေ့ နံနက် ၈ နာရီ၃၀ အချိန်မှစ၍ မြို့နယ်ပညာရေးမှူး ရုံးအရှေ့မျက်နှာစာ (အပါ အဝင်) လူစည်ကားရာ နေရာ(၃)နေရာတို့တွင် ပြုလုပ်ခဲ့ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်​ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
May 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းအိမ်ရာဝင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း များပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဘားအံမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
May 09,2023
အနာဂတ်လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ် များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း(ဘားအံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၁၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
May 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ယမန်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အတွက် အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်တွင် သဘာဝဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 09,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သဘာဝဘေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေး အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်
May 09,2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။