ကမာရွတ် မေ ၉
ရန်ကုန်တိုင်းဒေသကြီး ၊ကမာရွတ်ခရိုင်၊ကမာရွတ် မြို့နယ်တွင် လတ်တလော၌ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ကြေညာထားသော ဆိုင်ကလုန်းမုန်တိုင်းနှင့်ပက်သက်၍ ဒေသခံပြည်သူလူထုများ သတိပြုရှောင်ရှားကြစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူစည်ကားနေရာဖြစ်သည့် လမ်းဆုံများနှင့် စျေးများအတွင်း၌ မုန်တိုင်းဘေး၊ရေဘေး၊လေပြင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟုသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့်အချက်များပါရှိပြီး ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာဆောင်ရွက်ကြစေရန် အခမဲ့လိုက်လံဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ ဆက်)