အထက်မင်းလှ မေ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့် လူနေအိမ်(၈၀)လုံး အမိုးလန်၊ ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ကညှင်းကြီးကျေးရွာတွင် ဘုန်းကြီးကျောင်း (၁) ကျောင်း၊ လူနေအိမ်(၅၂)လုံး၊ အမိုးလန်ပျက်စီးပြီး လူနေအိမ်(၆)လုံးပြိုလဲ၊ ရေတွင်းမြှောင်ကျေးရွာတွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ်(၅)လုံး၊ လင်းကယ်ကျေးရွာတွင်လူနေအိမ်(၁)လုံး၊ ပေရင်းကျေးရွာတွင်လူနေအိမ်(၆)လုံး၊ မြောက်မျှားကုန်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ဆင်မတောင်ကျေးရွာတွင်လူနေအိမ်(၆)လုံး၊ ဇီးတောကျေးရွာတွင်လူနေအိမ်(၁)လုံး၊ ဘွဲ့ကျေးရွာတွင်လူနေအိမ်(၂)လုံး စုစုပေါင်းလူနေအိမ်(၇၄)လုံးနှင့် ဘုန်းကြီးကျောင်း(၂) ကျောင်းတို့ အမိုးလန်ပျက်စီးကာ လူနေအိမ်(၆)လုံးပြိုကျမှုဖြစ်ပွားပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲ၊ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့သည့် မိသားစုဝင်များနှင့်နေအိမ်များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးနိုင် ရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။