အောင်လံ မေ ၉
မကွေးတိုင်းဒေသကြီး အောင်လံခရိုင်အောင်လံမြို့နယ်တွင် ယနေ့ည ၅နာရီခွဲအချိန်ခန့်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ရွာပြင်းကျေးရွာအုပ်စု ရွာဟိုင်းကျေးရွာ၊ ရွာပြင်းကျေးရွာ၊ ရွှေသူဌေးကျေးရွာ၊ စစ်အောင်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာ၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်းကျေးရွာ၊ ဈေးကုန်းရပ်ကွက်တို့တွင် ဘုန်းကြီးကျောင်း(၂)ကျောင်းနှင့် လူနေအိမ်(၂၃)လုံး အမိုးလန်ပျက် စီးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် ရွာပြင်းကျေးရွာအုပ်စု၊ ရွာဟိုင်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ဘုန်းကြီးကျောင်းသိမ်(၁)ခု၊ ရွာပြင်းကျေးရွာတွင် လူနေအိမ်(၁၀)လုံး၊ ၄၀၀V ဓါတ်တိုင်(၂)တိုင်လဲကျ၊ ဘုန်းကြီးကျောင်းအမိုးလန်၊ ရွှေသူဌေးကျေးရွာတွင် လူနေအိမ်(၁)လုံး၊ စစ်အောင်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာတွင် လူနေအိမ်(၆)လုံး၊ စစ်အောင်ကျေးရွာအုပ်စု ၊ စစ်အောင်ကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီး၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ဈေးကုန်းရပ်ကွက်တွင် လူနေအိမ်တစ်လုံး သစ်ကိုင်းပိ၍ နေအိမ်တစ်ခြမ်းပျက်စီးပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိ ခိုက်မှုမရှိကြောင်း သိရသည်။