ဗန်းမော် မေ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပကို ယမန်နေ့မွန်းလွဲ (၃) နာရီခန့်က ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် သဘာ၀ဘေးအန္တရာယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် မိမိတို့ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြကြရန် အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အသီးသီးက မိမိတို့ဌာနအလိုက် ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို တင်ပြခဲ့ကြကာ သဘာဝဘေး ကျရောက်လာပါက ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု လျော့ပါးသက်သာစေနိုင်ရန် အကောင်းဆုံးသော နည်းလမ်းများဖြင့် ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားပြီးပါက အထိရောက်ဆုံး ကူညီကယ်ဆယ်ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
ခရိုင်ပြန်/ဆက်