ပျော်ဘွယ်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ပျော်ဘွယ် မေ ၁၀

မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပျော်ဘွယ်မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီတစ်ပိဿာလျှင်(၅၀၀၀) ကျပ်နှုန်းဖြင့် ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများသို့ ယမန်နေ့ နံနက်(၈)နာရီမှစတင်ကာ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသည်။

စားသုံးဆီရောင်းချမှုနှင့်ပတ်သက်၍ မင်းလမ်း(တ)ကျေးရွာပြည်သူတစ်ဦးက “ကျွန်မတို့ရွာကို လာရောက်ရောင်းချပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်၊ အပြင်ဈေးဆိုင်တွေမှာဆိုရင် စားသုံးဆီက တစ်ပိဿာ တစ်သောင်း ကျော်ပေးရပါတယ်၊ အခုက တစ်ပိဿာ(၅၀၀၀)ကျပ်ဆိုတော့ အများကြီး သက်သာပါတယ်၊ မကြာခဏ လာရောက်ရောင်းချပေးဖို့လည်း မေတ္တာရပ်ခံပါတယ်”ဟု ပြောကြား သည်။

မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာန၏စီစဉ်ဆောင်ရွက်မှုဖြင့် မင်းလမ်း(တ)၊ မင်းလမ်း(မ)၊ မကျီး ပင်၊ ဆားတောင်၊ ပေကုန်း ကျေးရွာတို့၌ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် စားသုံးဆီ (၅၅၀)ပိဿာအား ရောင်းချပေးခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)