ကန်ကြီးထောင့် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီ တင်းပတ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့နေ့လည် ၂:၀၀ နာရီအချိန်က ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
ရှေးဦးစွာ ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်ဇော်မိုးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးတို့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပါတ် မြေစိုက်ပိုစတာအား အမွှေးနံသာများ ပတ်ဖျန်း၍ စိုက်ထူခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်ဇော်မိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများမှ တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ကာလမှာ မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။
မဇင်(ပြန်/ဆက်)