မြစ်သား မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီအလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ် တပ်ဖွဲ့၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့နံနက် (၉)နာရီက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လာရောက်လေ့လာကြည့်ရှုအားပေးခဲ့သည်။
ထို့သို့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနိုးဆော်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာများအား ရှင်းလင်းပြသခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက အမြန်ဆုံးကူညီကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို လူနှင့်အသက် ကယ်ပစ္စည်းများအသုံးပြု၍ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ထံမှ သိရသည်။
သီတာအောင်(မြစ်သား)