သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား ပြည်သူများထံအရောက်ဖြန့်ဝေ

သင်္ဃန်းကျွန်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက်  နံရံကပ်ပိုစတာကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဖြန့်ဝေရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုး ဦးဆောင်၍  ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စျေးရောင်း/ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ ရပ်ကွက်နေပြည်သူများထံသို့ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်အား ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနမှထုတ်ဝေထားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ မြေငလျင်တုန်လှုပ်ခြင်းများအတွက် ကြိုတင်ပြင်ဆင်ရေး၊ အန္တရာယ်ကျရောက်စဥ် ကျရောက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးပုံများ စာများ ဝေဝေဆာဆာပါရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)