ပန်းဘဲတန်းမြို့နယ်ရုံးတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ပန်းဘဲတန်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်​စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင် စာရေးဆရာမ ညွန့်ညွန့် (ကလော) တို့က ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီသိရှိအောင် လေ့လာထားပြီး လိုအပ်သည့်ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ထားသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်များမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရွက်ထားရှိမှုများအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးဆန်းကြည်