သတင်းများ

ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လိပ်သိုတွင် သောက်ရေခပ်ချောင်းကူးသံကူကွန်ကရစ်တံတားသစ် ရာနှုန်းပြည့်တည်ဆောက် ပြီးစီးပြီဖြစ်၍ ကုန်စည်စီးဆင်းမှု ပိုမိုအဆင် ပြေ
Mar 31,2023
တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း NH(21) ကရင်ပြည်နယ် အပိုင်းပေါ်ရှိသောက်ရေခပ်ချောင်းကူး သံကူကွန်ကရစ်တံတားသစ်အား လိပ်သိုမြို့ လမ်းဦးစီးဌာနမှရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ပြည်သူများ၊ မော်တော်ယာဉ်များသွားလာ အသုံးပြုလျက်ရှိနေပြီး ဒေသထွက်သီးနှံကုန်စည်များ သယ်ယူပို့ ဆောင်ရောင်းဝယ်မှုများ ယခင်ကထက် ပိုမိုလျှင်မြန်အဆင်ပြေလျက်ရှိကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် သံဃာနှင့်သီလရှင်(၃၆၁)ပါးအား ဆွမ်းစရိတ်ငွေများ ဆက်ကပ်လှူဒါန်း
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် သံဃာနှင့်သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်‌နေ့မွန်းလွဲပိုင်းအချိန်တွင် ဆွမ်းစရိတ်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။  
ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးရက်တို သင်တန်း ဖွင့်လှစ်
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စာရေးဝန်ထမ်းများ၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်လျက် ယနေ့နံနက် ၉နာရီ ခွဲအချိန်မှစတင်ကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ရက်တိုသင်တန်းပို့ချလျက်ရှိကြောင်းသိရသည်။
မဟာသင်္ကြန်ကာလအတွင်း ရွှေတိဂုံစေတီတော် ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်သစ်မင်္ဂလာအခမ်းအနား ကျင်းပမည်
Mar 31,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလအတွင်းဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပသွားမည်ဖြစ်​ကြောင်း ယ​​နေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြိုတင်အသိပေးပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများလူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအ‌ခြေခံအားကစား သင်တန်းများဖြစ်ကြသည့် မြန်မာ့သိုင်း(ဗိုဗီနမ်)၊ ဝူရှူး၊ Fitness Dance နှင့် ဘောလုံးသင်တန်း ဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ကျင်းပသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်စစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရန်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၅)လမ်းမကြီးနှင့်ကျန်စစ်သားလမ်းမကြီးတို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။