ပေါက်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူ

ပေါက်တော မေ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)၌ စိုက်ထူကြသည်။

ကျောင်းအပ်နှံရေးဆိုင်းဘုတ်တွင် "ကျောင်းနေအရွယ် ကလေးများအား လုံးပညာမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ဆောင်ပုဒ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေလ (၂၃) ရက်မှ မေလ( ၃၁) ရက်နေ့အထိ ဖြစ်ကြောင်း အသိပေးနှိုးဆော်မှုများပါဝင်သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်အားပေးကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)