ကြို့ပင်ကောက် မေ ၁၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး လင်းထင်နှင့် အဖွဲ့ဝင်(၂) ဦးမြင့်သူတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆာင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသပြီးရှာ ဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို သရုပ်ပြဆာင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး လင်းထင်မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ၍ သဘာဝဘေးသည် ကြိုတင်မှန်းဆ၍မရကြောင်း ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေး တပ်ဖွဲ့များနှင့်အတူ ပူးပါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ လူမှုရေးသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ မော်တော်ယာဉ်မျာ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများနှင့် ကုသရေးအဖွဲ့များ၊ သောက်ရေနှင့်ရိက္ခာများအား အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ဖုန်း ၁၉၁ နှင့် ၀၅၃ ၅၀၅၀၂ တို့သို့အချိန်နှင့်တစ်ပြေးညီ ဆယ်သွယ်အကူအညီ တောင်းခံနိုင်ကြာင်း သိရသည်။
ဇေယျာထွန်း