ပန်းတောင်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အားကစားကွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တပ်နယ်မှူးမှ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များစုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများစုဆောင်းထားရှိမှု၊ သက်ဆိုင်ရာဆပ်ကော်မတီအလိုက် စုဖွဲ့ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်စည်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပန်းတောင်းတပ်နယ်မှူးဗိုလ်မှူးချုပ်မျိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဒုရဲမှူးမျိုးမင်း၊ ပန်းတောင်းတပ်နယ်မှ စက်ရုံမှူးများနှင့်အရာရှိအရာခံစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၅၂၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)