ရွှေသောင်ယံ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်ခန့်က အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့လာရောက်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ် ဆောင်ရွက်ထားမှု အစီအမံများ၊ စားသောက်ရိက္ခာများ စုဆောင်ထားရှိမှုများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထာရှိမှုများ၊ ဆေးဝါးများ စုဆောင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ရွှေသောင်ယံမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့် တွေ့ဆုံကာလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့သည် တပ်မတော်မှ လာရောက်ထောက်ပံ့ထားသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်များအား ကြည့်ရှု၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်လာကြသော ပြည်သူများနှင့် မုန်တိုင်းကြိုတင်ကာကွယ်မှုနှင့် ပတ်သက်သည်များကို ဆွေးနွေးပြီး ချောင်းသာမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)