သတင်းများ

ဝေါမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ဝေါမြို့နယ် ခန်းမဆောင်၌ ကျင်းပသည်။
ဒေါပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက  ကယ်ဆယ်ရေးလုပ်ငန်းများစနစ်တကျရှိရန်နှင့် စားနပ်ရိက္ခာမပြတ်လပ်စေရေး ဆောင်ရွက်ထားရှိမှုအစီအမံများအား စစ်ဆေးကြည့်ရှု
May 11,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စားနပ်ရိက္ခာများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
May 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သာစည်မြို့အမှတ်(၁)ရပ်ကွက် ဂါတ်တန်းကျောင်းတိုက်၏ အကြိမ် ၃၀ မြောက်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဆင်း
May 11,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၁)ရပ်ကွက် ဂါတ်တန်းကျောင်းတိုက်၏ အကြိမ် ၃၀ မြောက်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ သဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​​​ Talk Show ကျင်းပ
May 11,2023
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ သဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး ​ Talk Show ကိုယမန်နေ့၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြိုင်မြို့တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလိုက်လံနှိုးဆော်
May 11,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။
ချောင်းသာမြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာများစောင်ဖြန့်ဝေ
May 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။