တွံတေး မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်၊ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှဒုတိယညွှန့်ကြားရေးမှူးဦးနေဝင်းတို့က အမှာစကားများပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ယဥ်ယဥ်ဌေးက စီမံကိန်းအကြောင်းအရာများနှင့်ပတ်သက်၍ စီမံကိန်းတွင် ကြုံတွေ့ရသောအားနည်းချက်အားသာချက်နှင့် အကြံပြုချက်များကို ဆွေးနွေးပေးကြရန်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော စီမံကိန်းဝင်ကျေးရွာများက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များက စီမံကိန်းကာလတစ်လျှောက်လုံး မိမိတို့တွေ့ကြုံခဲ့ရသည့်များကို အဖွဲ့လိုက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကျေးလက်ဦးစီးဌာနခရိုင်ဦးစီးမှူးဦးနေဝင်း၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့် ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ယဥ်ယဥ်ဌေးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြစိမ်းရောင်ကျေးရွာ ၄၀ မှ ကော်မတီဝင် ၈၀ ဦး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ၁၁ ရွာမှ ကော်မတီဝင် ၂၂ ဦးတက်ရောက်ကြပြီး စီမံကိန်း၏အားသာချက်၊ အားနည်းချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွံတေးသား