သတင်းများ

ညောင်ဦးမြို့နယ် ကန်ဦးတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Mar 31,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်း ကန်ကျဲကျေးရွာမြောက်ဘက်ရှိ ကန်ဦးတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီအချိန်ကညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ကန်ဦးတဲတိုက် သို့သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံက သိရသည်။
သိန္နီမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ၁၃၈၄ ခုနှစ် (၂၀၂၃ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လဟယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Mar 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် လဟယ်မြို့အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
တံတားမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နိုင်ရေးနှင့် ဓာတ်အားလိုင်းမလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းပြုလုပ်
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများဖြင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းအလယ်ဗဟိုမျဉ်းများနှင့် ဘေးဝဲ/ယာ ပလက်ဖောင်းများ ပြုပြင် ဆေးသုတ်
Mar 31,2023
မြို့လမ်းအင်္ဂါရပ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဘေးဝဲ/ယာရှိ လူသွားလမ်းပလက်ဖောင်းများနှင့် နှစ်လမ်းသွားလမ်းမကြီး၏ အလယ်ဗဟိုမျဉ်းများကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ပေးခဲ့ပြီး ပြန်လည်အလှဆင်ဆေးသုတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ပန်းတောင်းမြို့နယ်၌ မဟာသဒ္ဓမ္မဇောတိကဓဇပူဇော်ပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မဟာသဒ္ဓမ္မဇောတိကဓဇ ပူဇော်ပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မုံရွာမြို့တွင် မူလတန်းကြိုကျောင်း ပြီးမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 31,2023
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မုံရွာ မူလတန်းကြိုကျောင်း၏ မူလတန်းကြိုပြီးမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2023
သန်လျင်ခရိုင်နှင့် သန်လျင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ သီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။