သုံးခွ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပတုပ်ကျေးရွာအုပ်စု ကျောင်းစုပတုပ်ကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အထက(ခွဲ)စာသင်ကျောင်း သွပ်အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် သုံးခွမြို့နယ် ပတုပ်ကျေးရွာအုပ်စု ကျောင်းစုပတုပ်ကျေးရွာ အထက(ခွဲ) စာသင်ကျောင်း ကျောင်းဆောင် ၁ ဆောင်ရှိ သွပ် ၁၅ ချပ်အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များနှင့် မီးသတ်တပ်ဖွဲ့၀င်များက ချက်ချင်းသွားရောက်၍ ပျက်စီးနေသော သွပ်အမိုးများ ရှင်းလင်းခြင်းများနှင့်အတူ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။ လေပြင်းတိုက်ခိုက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)