သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၈) လုံး အမိုးလန်ပျက်စီး

သဲကုန်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယနေ့နေ့လယ် ၂ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၈) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ချမ်းမြေ့သာယာရပ်ကွက်၊ သုခဝေဖြာရပ်ကွက်၊ ရပ်သာကျေးရွာအုပ်စု၊ ငှက်တော်မြီးအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကျေးသားကျေးရွာအုပ်စု၊ ဇီးအုပ်ကျေးရွာအုပ်စုတို့တွင် နေအိမ် (၁၈) လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၃၀၀၂၀၀၀) ကျပ်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ လေဘေးသင့်ပြည်သူများ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)