တောင်ကုတ် မေ ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မြို့ပေါ်ရှိ မုန်တိုင်းဘေးရှောင်ယာယီစခန်းများတွင်လာရောက် ခိုလှုံကြသည့် ပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစ၍ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပို့ဆောင်ပေးရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့၀င်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကုတ်တပ်နယ်မှအရာရှိ၊ စစ်သည်များနှင့် ရဲတပ်ဖွဲ့၀င်များက မြို့ပေါ်ရှိယာယီခိုလှုံရာစခန်းများဖြစ်သည့် အာလိန်ငါးဆင့်ကျောင်းတိုက်၊ ဘုရားကြီးကျောင်းတိုက်၊ ဝိသုတာရာမကျောင်းတိုက်၊ ဝိသုဒ္ဒါရုံ ကျောင်းတိုက်၊ သဒ္ဓမ္မရောင်ရှိန်ကျောင်းတိုက်နှင့် အမ္ဗာရာမကျောင်းတိုက်များတွင် ယာယီခိုလှုံခဲ့ကြသည့် ငမောက်ချောင်းကျေးရွာအုပ်စု၊ အရှေ့ဘက်ကျေးရွာအုပ်စု၊ ကုလားရောင်ကျေးရွာအုပ်စုနှင့် ဖောင်းခါးကျေးရွာအုပ်စုများမှ ပြည်သူများအား ၎င်းတို့၏နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)