သတင်းများ

လှည်းကူးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
May 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးTalk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများအား တာဝန်ရှိသူများက လှည့်လည်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခြင်းများဆောင်ရွက်
May 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းနှင့် မြို့နယ်ကုတင် (၅၀) ဆံ့ ဆေးရုံဝန်းအတွင်း သစ်ပင်များလဲခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် လှည့်လည်စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့ပေါ် ရပ်ကွက်များအတွင်း လမ်းမပေါ်ရှိ သစ်ကိုင်းအကျိုးအပဲ့များ၊ အမှိုက်များ စုပေါင်းရှင်းလင်း
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ရာ မြန်အောင်မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းမပေါ်ရှိ သစ်ပင်သစ်ကိုင်းများ၊ သစ်ရွက်အမှိုက်များကို ယမန်နေ့ညနေက စုပေါင်းရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့်တင်ဒါချက်များအား လေလံတင်ရောင်းချ
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက်(ဒုတိယ)အကြိမ် ဂရန်အင်းများ‌ လေလံတင်‌ရောင်းချခြင်းနှင့် (ပထမ)အကြိမ်တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရွှေချောင်း ချောင်းရေတိုက်စားသဖြင့် လူနေအိမ်ငါးလုံးမျောပါ
May 16,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စု၊ အောင်သပြေရပ်ကွက်တွင် ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရွှေချောင်း ချောင်းရေတိုက်စားသဖြင့် မေလ ၁၄ ရက် ည ၁၁ နာရီခန့်က လူနေအိမ်ငါးလုံး ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့သည်။
ဧရာ၀တီတိုင်းဒေသကြီး ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ရိုးသစ် ဘာသာရပ်ဆွေးနွေးပွဲသင်တန်း စတင်ဖွင့်လှစ်
May 16,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ရိုးသစ် ဘာသာရပ်ဆွေးနွေးပွဲသင်တန်းကို ယမန်နေ့တွင် ပုသိမ်တက္ကသိုလ် မေဂျာဌာနခွဲ အသီးသီးတွင် ပါမောက္ခဆရာကြီး/ဆရာမကြီးများမှ စတင်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ​နေအိမ်အပေါ်သို့သစ်ပင် ပြိုလဲခြင်းအား ရှင်းလင်းဖယ်ရှား
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မေလ ၁၄ရက်နေ့ ညပိုင်းပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူ​နေအိမ်အပေါ်သို့သစ်ပင် ပြိုလဲခဲ့ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် (၆၅) လုံး အမိုးလန်ပြိုကျပျက်စီး
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့်လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ရာ စာသင်ကျောင်းနှင့် လူနေအိမ် (၆၅) လုံး အမိုးလန်ပြိုကျပျက်စီးခဲ့သည်။