ရမ်းဗြဲ မေ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လေမုန်တိုင်းတိုက်ခတ်မူကြောင့် နေအိမ်နှင့်အဆောက်အဦများ အမိုးလန်ခြင်း သစ်ပင်သစ်ကိုင်းများ၊ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူများ ဖြစ်ပေါ်နေခြင်းအား ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရမ္မာဝတီမြို့မဈေးဆိုင်ခန်းများ အမိုးလန်ပျက်စီးခြင်း သစ်ပင်သစ်ကိုင်းများနှင့် ဓာတ်မီးတိုင်များကျိုးကျမှု ကွင်းဆင်း ဆောင်ရွက်ရာသို့ မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ လမ်းဘေးဝဲယာနှင့်ဆိုင်ခန်းများ၊ နေအိမ်များတွင်ကျိုးကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လဲကျနေသည့် ဓာတ်မီးတိုင်များကို တာဝန်ရှိသူများကပြုပြင်ဆောင်ရွက်ပြီး လျှပ်စစ်မီးများ အမြန်ဆုံးရရှိရေးအတွက် အချိန်နှင့်တပြေးညီ ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)