ကျိုက်မရောမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျ
May 16,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ယမန်နေ့ နံနက် ၆ နာရီက လေပြင်းများတိုက်ခတ်ကာ အောင်သုခရပ်ကွက်လမ်းဆုံရှိ လုံးပတ် ၅ ပေ၊ အရှည် ၅၀ ခန့်ရှိသော သီဟိုဠ်ပင်ကြီး ကားလမ်းမပေါ်လဲကျခဲ့သဖြင့် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်သောင်းဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦးတို့က သစ်ပင်သစ်ကိုင်းများကျိုးကျမှုကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။