ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင်  မေလ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community Centre)ခန်းမတွင်  စကားပုံဆက်ပြိုင်ပွဲကို ယနေ့  နေ့လယ် (၁)နာရီက ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး(တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအ‌နေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်သောအချိန်ကို အသုံးချတက်စေရန် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကိုသိရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေတန်ဖိုးကိုသိ‌ရှိ‌ပြီးလေ့လာမှတ်သားတတ်စေရန်နှင့် စာဖတ်ပရိတ်သတ်များတိုးပွားလာ‌စေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့်ဉာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီးအကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)