မိုး ညို မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက်(ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ်တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂရန်အင်းနှင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် အင်းလေလံရောင်းချရေးကော်မတီဝင်တို့က မိုးညိုမြို့နယ်အတွင်းရှိ (ဒုတိယ)အကြိမ်ဂရန်အင်းနှင့် (ပထမ)အကြိမ်တင်ဒါချက်များကို လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်းရောင်းချရခြင်းမရှိသေးဘဲ တင်ဒါချက်(၁၃)ချက်အား ရေလုပ်သားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး ရောင်းချရငွေ(၄၃,၃၁၀,၀၀၀/-)ကျပ်ကို နိုင်ငံတော်အခွန်ငွေရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)