သတင်းများ

မဟာအောင်မြေမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုကျမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေး
May 16,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မေ(၁၅)ရက်နေ့က မန်းမြို့စျေးတောင်ဘက်ပေါက် ၈၄လမ်း၃၉လမ်းထောင့်ရှိ တမာပင် လုံးပတ်၃ပေခန့် အလျားပေ၄၀ခန့်အား လေပြင်းတိုက်ခိုက်၍ လူနေအိမ်အဆောက်ဦးပေါ်သို့လဲချကြောင်း သိရသည်။
မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
May 16,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမနေရာတွင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ‌ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
ကံမမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြောင့် လေဘေးရှောင် ပြည်သူများအား ဆန်နှင့်ရိက္ခာများ ထောက်ပံ့ပေးအပ်
May 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းမှ မုန်တိုင်းအန္တရာယ်ကြောင့် လေဘေးရှောင်ပြည်သူများအား တပ်နယ်(သရက်)မှထောက်ပံ့သည့် ဆန် ၊ ဆီ၊ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး  အစရှိသည့် ရိက္ခာပစ္စည်းများကို ယနံနက်(၁၀)နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲလင်းထွန်း၊ အတွင်းရေးမှူး  ရဲမှူးခင်ဝင်းဇော်တို့သည် ယာယီခိုလှုံရေး စခန်းများသို့ သွားရောက်၍     ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၁၁)လုံးတို့အတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မေလ ၁၄ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လူနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၁၁)လုံးအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက  ကျင်းပခဲ့သည်။
မိုင်းစံမြို့လူထုအခြေပြု (Community Centre) ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
May 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့်က မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
လေဘေးသင့်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး
May 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ လေပြင်းတိုက်၍ ပြိုကျပျက်စီးသွားသော နေအိမ်အား ယမန်နေ့မွန်းလွဲပိုင်းက ပြန်လည်ပြင်ဆင်ဆောက်လုပ်နေမှုအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ 
ပန်းတောင်းမြို့နယ်၌ လေဘေးသင့်ပြည်သူများအား အလှူငွေများထောက်ပံ့ပေးအပ်
May 16,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ဒန့်ဒလွန်ကျေးရွာ၊ ညောင်ဖြူကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာတို့၌ လေဘေးသင့်ပြည်သူများအား ယမန်နေ့ နေ့လယ် (၁:၃၀)အချိန်က အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်
May 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊