ပခုက္ကူမြို့၌ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရွှေချောင်း ချောင်းရေတိုက်စားသဖြင့် လူနေအိမ်ငါးလုံးမျောပါ

ပခုက္ကူ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စု၊ အောင်သပြေရပ်ကွက်တွင် ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရွှေချောင်း ချောင်းရေတိုက်စားသဖြင့် မေလ ၁၄ ရက် ည ၁၁ နာရီခန့်က လူနေအိမ်ငါးလုံး ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့သည်။

အဆိုပါရွှေချောင်း ချောင်းရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ အောင်သပြေ ရပ်ကွက်နေ ဦးတင်မောင်ထွေး၏ နေအိမ်အပါအဝင် ၃ပင်၊ ၄ပင် သွပ်မိုး၊ ထရံကာ လူနေအိမ်ငါးလုံး ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၅စု၊ လူဦးရေ ၃၀ဦး ဘေးသင့်ခဲ့ရကြောင်း သိရသည်။

ပခုက္ကူခရိုင်ပြန်/ဆက်