ပုသိမ် မေ ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ရိုးသစ် ဘာသာရပ်ဆွေးနွေးပွဲသင်တန်းကို ယမန်နေ့တွင် ပုသိမ်တက္ကသိုလ် မေဂျာဌာနခွဲ အသီးသီးတွင် ပါမောက္ခဆရာကြီး/ဆရာမကြီးများမှ စတင်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
(Grade-12) သင်ရိုးသစ် ဘာသာရပ်ဆွေးနွေးပွဲသင်တန်း၌ ဘာသာရပ် (၉)ခုကို သက်ဆိုင်ရာ ဘာသာရပ် ဌာနအသီးသီးတွင် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ (၅၃၃၃)ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမ(၁၆၄)ဦး၊ စုစုပေါင်း (၅၄၉၇)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ (၁၅.၅.၂၀၂၃) မှ (၂၄.၅.၂၀၂၃) အထိ (၁၀)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင့်ဟန်