လှည်းကူး မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးTalk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက် Book Club အဖွဲ့ဝင်ဦးစိုးသူက ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးငယ်များနှင့်ပတ်သက်ပြီး ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ အရွယ်မတိုင်မီကလေးငယ်များလုပ်ငန်းခွင်သို့ရောက်ရှိလာရသည့် အဓိကအကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးပြစ်မှု၊ ပြစ်ဒဏ်များပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အကျယ်တဝင့်ဆွေးနွေးကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)