လပွတ္တာ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မေလ ၁၄ရက်နေ့ ညပိုင်းပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အပေါ်သို့သစ်ပင် ပြိုလဲခဲ့ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့သည်။
လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဆပ်ချောင်းကျေးရွာနေဦးဘိုဘိုလွင်၏ (၁၅x၁၂)ပေ၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်၏ အနောက်ဖက်အခြမ်း (၆x၇)ပေခန့်ပေါ်သို့ အလျား(၃၀)ပေ၊ လုံးပတ်(၅)ပေ၊ ပိတောက်ပင်၊ အလျား(၃၀)ပေ၊ လုံးပတ်(၃)ပေရှိသောကုက္ကိုပင်နှင့် အလျား(၂၅)ပေ၊ လုံးပတ်(၃)ပေခွဲ ခန့်ရှိသောပိတောက်ပင် သစ်ကိုင်းများ လဲကျ၍နေအိမ်အနောက်ဖက်အခြမ်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်မျိုးမြင့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဥ် (၁) စီးဖြင့် ထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ သစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာတစ်သိန်းကျပ်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)