ညောင်တုန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် (၆၅) လုံး အမိုးလန်ပြိုကျပျက်စီး

ညောင်တုန်း မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့်လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ရာ စာသင်ကျောင်းနှင့် လူနေအိမ် (၆၅) လုံး အမိုးလန်ပြိုကျပျက်စီးခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၆) အုပ်စုမှ လူနေအိမ် (၄၈) လုံး အမိုးလန်ပျက်စီး၍ စာသင်ကျောင်း‌တစ်‌ကျောင်းနှင့် လူနေအိမ် (၁၆)လုံး ပြိုကျပျက်စီးခဲ့ရာ လေဘေးသင့်‌ကျေးရွာများသို့ မြို့နယ်သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ကွင်းဆင်းသွားရောက်၍လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)