မြန်အောင်မြို့ပေါ် ရပ်ကွက်များအတွင်း လမ်းမပေါ်ရှိ သစ်ကိုင်းအကျိုးအပဲ့များ၊ အမှိုက်များ စုပေါင်းရှင်းလင်း

မြန်အောင် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ရာ မြန်အောင်မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းမပေါ်ရှိ သစ်ပင်သစ်ကိုင်းများ၊ သစ်ရွက်အမှိုက်များကို ယမန်နေ့ညနေက စုပေါင်းရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှိုက်များရှင်းလင်းခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ရပ်ကွက်များအတွင်း သစ်ကိုင်းများ၊ သစ်ရွက်အမှိုက်များကို ရှင်းလင်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)