ဥတ္တရသီရိ မေ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းနှင့် မြို့နယ်ကုတင် (၅၀) ဆံ့ဆေးရုံဝန်းအတွင်း သစ်ပင်များလဲခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် လှည့်လည် စစ်ဆေး၍ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းဆောင်ရွက်ရာတွင် ဥတ္တခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၏ကြီးကြပ်မှုဖြင့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်ဗိုလ်မှူးပြည့်ဖြိုးမင်း၊ ဥတ္တရသီရိတပ်နယ်မှ ဗိုလ်မှူးမျိုးမင်းစံ၊ ဗိုလ်မှူးလင်းနိုင်နှင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်နှင့် အဖွဲ့သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ လဲကျသစ်ပင်များ၊ ကျိုးကျသစ်ကိုင်းများနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း