ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံမျိုးစုံ(၄၂၃၉၃)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အဓိထားလုပ်ကိုင်လျက်ရှိရာ နွေသီးနှံမျိုးစုံ (၄၂၃၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး နွေသီးနှံများ စိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် သီးနှံ မျိုးစုံ(၆၉၅)ဧက၊ တိုက်နယ်(၂)တွင် (၂၉၆၂)ဧက၊ တိုက်နယ်(၃)တွင် (၄၄၄၅)ဧက၊ တိုက်နယ်(၄)တွင် (၃၇၅၆) ဧက၊ တိုက်နယ်(၅)တွင် (၅၆၄၂)ဧက၊ တိုက်နယ်(၆)တွင် (၃၇၇၅)ဧက၊ တိုက်နယ်(၈)တွင် (၅၄၄၄)၊ တိုက်နယ်(၉)တွင် (၄၁၅၄)ဧက၊ တိုက်နယ်(၁၀)တွင် (၃၂၄၅)ဧက၊ တိုက်နယ်(၁၁)တွင် (၄၂၃၅)ဧက၊ တိုက်နယ်(၁၂)တွင် (၄၀၄၀)ဧက စုစုပေါင်း(၄၂၃၉၃)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းရေး ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများ စနစ်တကျ ကွင်းဆင်းကူညီပံ့ပိုးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်ခရိုင်(ပြန်/ဆက်)