ပွင့်ဖြူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း နှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်အချို့အား ရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ်နှင့် ကမ်းပါးပြိုကျမှုဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် မေ ၁၄ ရက်၊ ညနေ ၃ နာရီအချိန်က မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်သဘာဝဘေးရှာဖွေကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မုန်းကမ်းပါးနှင့် နီးကပ်သည့် လူနေအိမ် အချို့ကို ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ လူနေအိမ်အချို့အား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်သဘာဝဘေးရှာ ဖွေကူညီ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ မုန်းချောင်းကမ်းပါးနှင့် နီးကပ်သည့် လူနေအိမ် ၉ လုံး၊ လက်ပနွယ်ကျေးရွာမှ လူနေအိမ် ၁ လုံး၊ ကျစ်ကိုင်းကျေးရွာအုပ်စု၊ သနဝကျေးရွာမှ လူနေအိမ် ၂ လုံး၊ ဖလံကျင်းကျေးရွာမှ လူနေအိမ် ၂၅ လုံး၊ မင်းမြေကျေးရွာမှ လူနေအိမ် ၆ လုံး၊ မင်းမြေကျေးရွာအုပ်စု၊ သစ်တော် ကျေးရွာမှ လူနေအိမ် ၁၅ လုံး၊ ရွာခိုင်ကျေးရွာအုပ်စု၊ ရွာခိုင်ကျေးရွာမှ လူနေအိမ် ၁၁ လုံး၊ စုစုပေါင်း လူနေအိမ် ၆၉ လုံးမှ အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ကျား ၁၄၃ ဦး၊ မ ၁၄၅ ဦး၊ စုစုပေါင်း လူဦးရေ ၂၈၈ ဦး တို့အား မုန်းချောင်းနှင့် ဘေးလွတ်ရာ ဆွေမျိုးသားချင်းနေအိမ်များသို့ ယာယီပြောင်းရွှေ့ပေးခဲ့ကြပြီး အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )