ပေါက်ခေါင်း မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါလေဘေးသင့်ပြိုလဲနေအိမ် ၂ လုံးနှင့်အမိုးလန် နေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်ဌာဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့က လေဘေးသင့်သည့် နေအိမ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ပေါက်ခေါင်းမြို့နယ်ကျေးရွာအုပ်စုအတွင်းရှိ အမိုးလန်နေအိမ်(၄၈)လုံးနှင့်ပြိုလဲနေအိမ်(၂)လုံးတို့အတွက် ပေးအပ်ခဲ့ရာ အမိုးလန်သည့်နေအိမ်များအတွက် အိမ်အမျိုးအစားပေါ်မူတည်၍ နေအိမ်တစ်လုံးအတွက်ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ နှင့် ဆန်ရိက္ခာဖိုးမိသားစုဝင်တစ်ဦးလျှင် နှစ်ထောင့်တစ်ရာကျပ်၊ ပြိုလဲနေအိမ်များအတွက် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများနှင့်ကယ်ဆယ်ရေး ပစ္စည်း(၁၇) မျိုးပါနေအိမ်(၁)အိမ်ထောင်စုစာ ပုံး(၁)ပုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများထံလက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)