နောင်ချို မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများသည် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိခိုက်ပျက်ဆီးမှု မရှိစေရန် ရည်ရွယ်၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို မေလ ၁၄ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်လင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များအတွင်း မုန်တိုင်းအရှိန်ကြောင့် လဲကျနိုင်သော သစ်ပင်များ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်ကြီးများ၊ အဆောက်အဦများအပေါ် ပြိုလဲ၊ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် အမှိုက်များအား စနစ်တကျ ပြန်လည်သိမ်းဆည်းပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)