မိတ္ထီလာ မေ ၁၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဝန်ထမ်းသစ် အခြေခံ သင်တန်းအမှတ်စဉ် (၄/၂၀၂၃)၊ စတိုးပစ္စည်းထိန်း(အခြေခံ)သင်တန်းအမှတ်စဉ်(၂/၂၀၂၃)၊ သံလမ်း (ဉာဏ်) လုပ်သားခေါင်း/ ဇာဝီလှည့်သင်တန်း အမှတ်စဉ်(၅၅/၂၀၂၃)နှင့် အခြေခံစာရေးကွန်ပျူတာ (အထူးပြု) သင်တန်း အမှတ်စဉ် (၅၃/၂၀၂၃) များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်ကျောင်းရှိ အောင်ဆန်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းဝန်ထမ်းသစ် အခြေခံသင်တန်း အမှတ်စဉ် (၄/၂၀၂၃)ကို သင်တန်းသား/သင်တန်းသူ ၁၂ ဦးတက်ရောက်ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် ၁၀ ပတ် ကြာမြှင့်မည်ဖြစ်ပြီး စတိုးပစ္စည်းထိန်း (အခြေခံ)သင်တန်းအမှတ်စဉ်(၂/၂၀၂၃) ကို သင်တန်းသားသင်တန်းသူ ၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြှင့်မည်ဖြစ်သည်။ ယင်းအပြင် သံလမ်း(ဉာဏ်) လုပ်သားခေါင်း/ ဇာဝီလှည့်သင်တန်း အမှတ်စဉ် (၅၅/၂၀၂၃)ကို သင်တန်းသား/သင်တန်းသူ ၁၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ် ကြာမြှင့်မည်ဖြစ်ပြီး အခြေခံစာရေးကွန်ပျူတာ (အထူးပြု) သင်တန်းအမှတ်စဉ် (၅၃/၂၀၂၃) ကို သင်တန်းသား/သင်တန်းသူ ၁၂ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)